DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၄-၃-၂၀၂၆: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့် သာယာနေပါသည်။ 

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၁း၁၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၄၇)မိနစ်၊ (၄၁)စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၇၆)မိုင်ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (စေတုတ္တရာမြို့၏ အနောက်ဘက် (၁၅)မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၀.၄၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၁)ဒီဂရီ၊ အနက် (၁၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။