DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၅-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း ဒေသများသို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

Earthquake News

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၈:၁၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ(၅၆)မိနစ်(၀၉)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ မြောက်ဘက်(၁၀၈) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (‌သရက်မြို့၏ အနောက်တောင်ဘက် (၃၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၁၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၆)ဒီဂရီ၊ အနက်(၁၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။