DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၅-၂၀၂၄:ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေဒေသများကို ဖြတ်ကျော်ခဲ့သော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)“ရီမယ်(လ်)”(REMAL)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ်(လ်)”(REMAL) အဖြစ်သို့ အားလျော့ကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေ ဆာဂါကျွန်းတို့အကြား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့အနီးမှ ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။  ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

Earthquake News

မြေငလျင်သတင်း

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၀၁)မိနစ်၊ (၀၆)စက္ကန့် အချိန်တွင် တောင်ငူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၁)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပေါက်ခေါင်းမြို့၏ အရှေ့မြောက်ဘက် (၂၃)မိုင်ခန့်ကွာ) မြောက်လတ္တီတွဒ် (၁၉.၀၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၄)ဒီဂရီ၊ အနက် (၁၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။