DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၄-၇-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းရိုးတန်းတို့၌‌ လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့် အတင့်မှ အားကောင်းနေပါသည်။

 

ဇူလိုင်လပတ်မိုးလေဝသခန့်မှန်းချက်(၂၈.၆.၂၀၁၅)

၂၀၁၅ ခုနှစ်၊ ဇူလိုင်လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

(၂၈.၆.၂၀၁၅)

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်တွင်လဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊(၁)ကြိမ်တွင်ပိုမိုအားကောင်း

လာကာမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်

 ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ချင်းပြည်

နယ်နှင့်ကယားပြည်နယ်တို့တွင်ရွာသွန်းမြဲအောက်လျော့နည်းကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ရွာ

သွန်းမြဲခန့်ရွာနိုင်ပါသည်။

ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်(၂၅)ရက်မှ(၂၈)ရက်ခန့်၊စစ်ကိုင်းတိုင်းဒေသကြီး၊ချင်းပြည်

နယ်နှင့်ကယားပြည်နယ်တို့တွင်(၁၅)ရက်မှ(၁၉)ရက်ခန့်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်(၂၀)ရက်မှ

(၂၄)ရက်ခန့်မိုးရွာသွန်းနိုင်ပါသည်။