DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၁၁-၂၀၂၅:   ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အင်ဒိုနီးရှားနိုင်ငံအရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြား တို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဆန်ယာ” (SENYAR) သည် အရှေ့-အရှေ့တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသောမုန်တိုင်းငယ်အဖြစ် အားလျော့ သွားခဲ့ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ (Kawthaung) ၏ တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့ (Penang) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ကူတာမတ်ကွာမြို့ (Kuta Makmur) ၏ အရှေ့တောင်ဘက် ရေမိုင် ၁၅၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကားနီကိုးဘားမြို့ (Car Nicobar) ၏ အရှေ့တောင်ဘက်‌ ရေမိုင် ၄၉၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် နောက် ၁၂ နာရီအတွင်း အရှေ့ဘက်သို့ ရွေ့လျားနိုင်ပြီး မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်း လာကာ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၈၀၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Tricomalee)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၅၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ (Puducherry) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်ပါသည်။ ထိုမှတစ်ဆင့် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

(၅၉)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား

      

ရက်စွဲ၊၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်

သတင်းထုတ်ပြန်ချက်
=================

၂၀၁၉ ခုနှစ်၊ မတ်လ (၂၃) နေ့၌ ကျရောက်သည့် (၅၉)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့

အထိမ်းအမှတ်အခမ်းအနားအား နေပြည်တော်၊ ဟိုတယ်ဇုန်ရှိ Royal ACE ဟိုတယ်၌

ကျင်းပ ပြုလုပ်ခဲ့ပါသည်။အဆိုပါ ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားသို့

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊စိုက်ပျိုးရေး၊ေ

မွးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၊ဌာနဆိုင်ရာ

အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်က

အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကမ္ဘာ့မိုးလေဝသဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ

ပေးပို့သော သဝဏ်လွှာအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်က

ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနားဆောင်ပါးပြိုင်ပွဲတွင်

ဆုရရှိသူများအားပြည်ထောင်စုဝန်ကြီးများက ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာကြ

သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ

ဖိတ်ကြားထားသော ဧည့်သည်တော်များသည် အခမ်းအနားတွင် ခင်းကျင်းပြသထားသော မိုးလေဝသနှင့်

ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် ပြခန်းများအား လှည့်လည်

ကြည့်ရှုကြပါသည်။
နေ့ခင်းပိုင်းတွင် ဘာသာရပ်ဆိုင်ရာစာတမ်းများအား ဖတ်ကြားဆောင်ရွက်ခဲ့ပါသည်။မြန်မာနိုင်ငံတွင်

ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားအား မတ်လ(၂၃)ရက်နေ့ရောက်တိုင်း နှစ်စဉ် ကျင်းပ

လျက်ရှိရာ ယခု (၂၀၁၉)ခုနှစ်၊ ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်မှာ ‘The Sun, The Earth and

The Weather’ဖြစ်ပါသည်။