နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာအနှံ့
အပြား၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေ
သကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင်
နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေ
သကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်
အတင့် ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ မွန်ပြည်နယ်တွင် ဧပြီလ၏ ပုံမှန် အပူချိန်ထက် (၂)ဒီဂရီ
စင်တီဂရိတ် ပိုခဲ့ပြီး၊ ကချင်ပြည်နယ်တွင် ဧပြီလ၏ ပုံမှန်အပူချိန်အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်း
ခဲ့ကာ၊ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပုံမှန်အပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့်
နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၂)ဒီဂရီ စင်တီဂရိတ်၊ မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ တောင်ငူမြို့နှင့်
ဘော်လခဲမြို့တို့တွင် (၄၁)ဒီဂရီစင်တီဂရိတ်စီနှင့် မိတ္ထီလာမြို့၊ မင်းဘူးမြို့၊ အောင်လံမြို့၊ ဆင်ဖြူကျွန်းမြို့၊
ပြည်မြို့နှင့် ဘားအံမြို့တို့တွင် (၄၀)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ
ပြည်မြို့တွင် (၁.၈၉)လက်မ၊ ကွမ်းလုံမြို့တွင် (၁.၂၂)လက်မ၊ တကောင်း(စိုက်ပျိုးရေး)တွင် (၁.၁၃)
လက်မ၊ တွန်းဇံမြို့တွင် (၁.၀၆)လက်မ၊ ရမ်ကလောင်းတွင် (ဝ.၉၄)လက်မ၊ တမူးမြို့တွင် (ဝ.၇၅)လက်မ၊
ဟားခါးမြို့နှင့် ကလေးဝမြို့တို့တွင် (ဝ.၇၁)လက်မစီ၊ ဖလမ်းမြို့တွင် (ဝ.၆၇) လက်မ၊ မချမ်းဘောမြို့တွင်
(ဝ.၆၃)လက်မ၊ မိုးကောင်းမြို့နှင့် သီပေါမြို့တို့တွင် (ဝ.၅၉)လက်မစီ၊ ပူတာအိုမြို့၊ လားရှိုးမြို့နှင့် မြစ်ဆုံ
တို့တွင် (ဝ.၅၅)လက်မစီတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်
အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်
တို့တွင် နေရာစိပ်စိပ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ
ကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေ
သကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်
ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်
လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်း
ပြည်နယ်တို့တွင် မိုးဆက်လက် ထစ်ချုန်း ရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မွန်းလွဲ/ညနေပိုင်းတို့တွင် နေရာ
ကွက်ကျား မိုးထစ်ချုန်းရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မွန်းလွဲ/ညနေပိုင်းတို့တွင် နေရာ
ကွက်ကျား မိုးထစ်ချုန်းရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

