DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၉-၄-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၁၅ ခုနှစ်၊နိုဝင်ဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ

ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်

လေဖိအားနည်းရပ်ဝန်း(၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ

မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား

ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊

ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်

တို့တွင် ရွာသွန်းမြဲထက်ပိုပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်

ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။  

တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၉)ရက်မှ

(၁၃)ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် (၆)ရက်မှ (၈)ရက်ခန့်

မိုးထစ်ချုန်းရွာနိုင်ပါသည်။

ညအပူချိန်
ညအပူချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း     

  ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်

နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက်အနည်းငယ်ပိုပြီး၊  ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်

နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

မြူ အခြေအနေ
မြူ အခြေအနေခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊

ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁၆)ရက်မှ (၂၀)ရက်ခန့်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်

တို့တွင် (၁၀)ရက်မှ (၁၅)ရက်ခန့် မြူ ထူများဆိုင်းနိုင်ပါသည်။