နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်
နေရာကျဲကျဲ၊နေပြည်တော်နှင့်မကွေးတိုင်းဒေသကြီးတို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဒေသ
အလိုက်နှင့်ဧရာဝတီတိုင်းဒေသကြီးတွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်
များမှာကျိုက္ခမီမြို့တွင်(၇.၀၅)လက်မ၊ကျောက်ဖြူမြို့တွင်(၅.၈၂)လက်မ၊ဂွမြို့နှင့် တောင်ကုတ်မြို့တို့
တွင်(၄.၈၀)လက်မစီ၊ဘီးလင်းမြို့တွင်(၄.၀၆)လက်မ၊သံတွဲမြို့တွင်(၃.၆၂)လက်မ၊သထုံမြို့တွင်
(၃.၄၃)လက်မ၊ပေါင်မြို့တွင်(၃.၃၁)လက်မ၊အမ်းမြို့တွင်(၃.၂၃)လက်မ၊ပုသိမ်မြို့တွင်(၃.၁၉)လက်မ၊
စစ်တွေမြို့တွင်(၃.၁၅)လက်မ၊ချောင်းဆုံမြို့တွင်(၂.၉၉)လက်မ၊မုဒုံမြို့တွင်(၂.၇၂)လက်မ၊ထားဝယ်
မြို့တွင်(၂.၅၆)လက်မ၊မောင်တောမြို့၊ဇောင်းတူမြို့နှင့်မော်လမြိုင်မြို့တို့တွင်(၂.၄၈)လက်မစီတို့ဖြစ်
ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်
မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေး
တိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊နေပြည်တော်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာ
စိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊တနင်္သာရီတိုင်း
ဒေသကြီး၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဒေသအလိုက်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊
ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်နေရာ
ကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ
မိုးသက်ေလပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်
တစ်နာရီလျှင်မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေဆက်လက်အားကောင်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း
ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်ထစ်ချုန်း
ရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း
ရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။