DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ လပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်
==============================================
(၂၈.၉.၂၀၁၆)ရက်နေ့ထုတ်ပြန်ချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ
အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ (၃)ရက်မှ (၇)ရက်အတွင်း မြန်မာတစ်ပြည်လုံးမှ ဆုတ်ခွာသွားနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌ဝန်း(၃) ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် အားနည်းနိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်
တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး၊  ကျန်တိုင်း ဒေသကြီး နှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။  
ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုြင်ပည်နယ်နှင့် မွန်ပြည်နယ် တို့တွင် (၁၆)ရက်မှ (၂၀) ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် (၁၀)ရက်မှ (၁၅)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မြစ်ရေအခြေအနေ
၂၀၁၆ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် ွမစ်ငယ်မြို့တွင်(၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့်နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။