DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၂၂-၅-၂၀၂၄ ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း ကမ်းလွန်-အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်း လာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ၂၄-၅-၂၀၂၄ ရက်နေ့၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၅-၅-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက်မိုးလေဝသခန့်မှန်းချက်များ(၂၁.၅.၂၀၂၄)

အာရှဒေသမြို့ကြီးများအလိုက် လက်ရှိမိုးလေဝသအခြေအနေနှင့် မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်များ(၂၁-၅-၂၀၂၄) ရက်နေ့ ထုတ်ပြန်ချက် 

မြို့

လက်ရှိ

မိုးလေဝသ

အခြေအနေ

အပူချိန်

မနက်ဖြန်အတွက်

မိုးလေဝသ

ခန့်မှန်းချက်

အပူချိန်

အနိမ့်ဆုံး

အမြင့်ဆုံး

အနိမ့်ဆုံး

အမြင့်ဆုံး

နေပြည်တော်

တိမ်ထူမည်။ ၂၈ ၃၉ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၂၇ ၃၉

ရန်ကုန်

တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၂၅ ၃၈ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၂၅ ၃၈

တိုကျို

မိုးရွာမည်။ ၁၈ ၂၈ တိမ်ထူထပ်မည်။ ၁၇ ၂၅

ပေကျင်း

တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၁၇ ၂၉ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၂၂ ၃၃

ဟောင်ကောင်

မိုးထစ်ချုန်းရွာမည်။ ၂၃ ၂၆ မိုးထစ်ချုန်းရွာမည်။ ၂၃ ၂၇

မနီလာ

မိုးထစ်ချုန်းရွာမည်။ ၂၇ ၃၅ မိုးရွာမည်။ ၂၈ ၃၅

ဟနွိုင်း

မိုးရွာမည်။ ၂၅ ၃၄ မိုးထစ်ချုန်းရွာမည်။ ၂၅ ၃၂

ကွာလာလမ်ပူ

မိုးအနည်းငယ်ရွာမည်။ ၂၆ ၃၃ မိုးအနည်းငယ်ရွာမည်။ ၂၅ ၃၄

ဂျာကာတာ

မိုးရွာမည်။ ၂၆

၃၄

မိုးထစ်ချုန်းရွာမည်။ ၂၅ ၃၃

စင်ကာပူ

မိုးထစ်ချုန်းရွာမည်။ ၂၇ ၃၂ မိုးထစ်ချုန်းရွာမည်။ ၂၆ ၃၃

ဘန်ကောက်

မိုးထစ်ချုန်းရွာမည်။ ၂၆ ၃၄ မိုးထစ်ချုန်းရွာမည်။ ၂၅ ၃၂

ဗီယန်ကျင်း

မိုးထစ်ချုန်းရွာမည်။ ၂၅ ၃၂ မိုးထစ်ချုန်းရွာမည်။ ၂၄ ၃၂

ဖနွမ်းပင်

မိုးထစ်ချုန်းရွာမည်။ ၂၇ ၃၅ မိုးထစ်ချုန်းရွာမည်။ ၂၆ ၃၄
ဒါကာ မိုးထစ်ချုန်းရွာမည်။ ၂၈ ၃၇ သာယာမည်။ ၂၇ ၃၉
ကိုးကာတား တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ၂၈ ၃၇ မိုးထစ်ချုန်းရွာမည်။ ၂၈ ၃၆
ကိုလံဘို မိုးထစ်ချုန်းရွာမည်။ ၂၈ ၃၂ မိုးထစ်ချုန်းရွာမည်။ ၂၈ ၃၁
နယူးဒေလီ သာယာမည်။ ၃၁ ၄၄ သာယာမည်။။ ၃၁ ၄၄