DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၁၀-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ် သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက်‌ ရေမိုင် ၄၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊  ၂၈-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း  ရောက်ရှိ နိုင်ကာ ယင်းနေ့ညပိုင်းတွင် အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

 

နိုဝင်ဘာလ၏ မိုးရေချိန်စံချိန်သစ်

                                                                                                     အမြင့်ဆုံးအပူချိန်စံချိန်သစ်များ

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့ ထုတ်ပြန်ချက်)

 

စဉ်

စံချိန်သစ်တင်

သည့်ရက်စွဲ

စခန်းအမည်

အမြင့်ဆုံးအပူချိန်

စံချိန်သစ်

အမြင့်ဆုံးအပူချိန်  စံချိန်ဟောင်း

ယခင်စံချိန် ကျိုးခဲ့သည့်နှစ်

စခန်းဖွင့် သည့်

နှစ်မှစ၍

လွန်ခဲ့သော

နှစ်ပေါင်း

ဒီဂရီ

စင်တီဂရိတ်

ဒီဂရီ

ဖာရင်ဟိုက်

ဒီဂရီ

စင်တီဂရိတ်

ဒီဂရီ

ဖာရင်ဟိုက်

၁။

၃.၁၂.၂၀၂၀

ငါးသိုင်းချောင်း

၃၆.၀

၉၆.၈

၃၅.၅

၉၅.၉

၆.၁၂.၂၀၁၄

၃၂

၂။

၃.၁၂.၂၀၂၀

မိတ္ထီလာ

၃၅.၀

၉၅.၀

၃၄.၂

၉၃.၆

၁၀.၁၂.၂၀၁၁

၆၄

၃။

၃.၁၂.၂၀၂၀

စစ်ကိုင်း

၃၃.၆

၉၂.၅

၃၃.၀

၉၁.၄

၁၀.၁၂.၂၀၁၁

၅၆

၄။

၃.၁၂.၂၀၂၀

မင်းကင်း

၃၀.၅

၈၆.၉

၃၀.၄

၈၆.၇

၁.၁၂.၂၀၁၉

၄၉

Burmese