DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၇-၄-၂၀၂၆: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်  ဖြစ်ထွန်းနေပါသည်။

10 Days Weather Forecast

၂၀၁၆ခုနှစ်၊ စက်တင်ဘာလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ   
    အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ (၂၁-၂၅)ရက်အတွင်းမြန်မာနိုင်ငံ

အလယ်ပိုင်းဒေသများမှလည်းကောင်း၊  စက်တင်ဘာလ (၂၆-၃၀)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ

များမှ ဆုတ်ခွာသွား ဖွယ်ရာရှိပါသည်။   

        ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်

ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ၊ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်

ရှိနိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်
     စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်

ရွာသွန်းမြဲထက်ပိုပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်  ရွာသွန်းမြဲခန့် မိုးထစ်ချုန်း

ရွာနိုင်ပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊

  ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်(၄)ရက်မှ (၆)ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့်

ပြည်နယ်တို့ တွင် (၇)ရက်မှ (၉)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။