DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၂၀-၅-၂၀၂၄ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်  ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Cyclonic Storm News No.25, 2016

(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၁း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၅)

ဆိုင်ကလုန်းမုန်တိုင်းအ‌ခြေအနေ

(က)    ယနေ့မြန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ကြံ့”(KYANT)သည် အနောက်-

အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ပုသိမ်မြို့၏ အနောက်-အနောက်တောင်

ဘက် မိုင်(၃၃၀)ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၃၂၅)မိုင်ခန့်၊ ကျောက်ဖြူမြို့၏

အနောက်တောင်ဘက်မိုင်(၃၁၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်

ဘက် မိုင်(၃၄၀) ခန့်နှင့် မာချီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၄၅၅)မိုင်ခန့်အကွာ

ပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည်အနောက်-အနောက်တောင်

ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ)    ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်းမရှိသဖြင့် ဆိုင်ကလုန်း

မုန်တိုင်း၏ လက်ရှိအခြေအနေကို အဝါရောင်အဆင့်ဟုသတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ွမန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု

(၁၆.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါ

စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် (၅၀)နှုန်းခန့် ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် နောက်(၂၄)နာရီအတွှင်း ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်-

အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်

ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်မှမိုင်(၄၀)အထိ တိုက်ခတ်နိုင်

ပါသည်။

အကြံပြုချက်

(က)    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်

ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း  ကြိုတင်

သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။