DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

၂၀၁၆ ခုနှစ်၊ ဆောင်းရာသီကာလ အတွက် မိုးလေဝသခန့်မှန်းချက်

ဆောင်းရာသီကာလ (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလထိ)

===============================================

အတွက် ယေဘုယျ မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
=============================================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ
========================
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်‌ဝန်း(၃)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊

(၂)ကြိမ် တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်

အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်

ဖြစ်ထွန်းနိုင်ပါသည်။

မိုးအခြေအနေ
===========

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်

လျော့နည်းနိုင်ပြီး၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။

ညအပူချိန်
========

ညအပူချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်

ဆောင်းရာသီ ကာလ၏ ပျမ်းမျှအပူချိန်တို့ထက်ပိုပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်

တို့တွင် ဆောင်းရာသီကာလ၏ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

မြူအခြေအနေ
==========

ဆောင်းရာသီကာလအတွင်း ဒေသအလိုက် မြူထူဆိုင်းလေ့ရှိပြီးကမ်းရိုးတန်းဒေသ

များ၊ကုန်းမြင့်၊ တောင်တန်းဒေသ များတို့တွင်ပိုမိုထူထပ်စွာမြူထူဆိုင်းတတ်ပါ

သည်။မြူအခြေအနေခန့်မှန်းချက်မှာစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊

ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင်

(၁၆)ရက်မှ(၂၀)ရက်ခန့်၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် (၁၀)ရက်မှ

(၁၅)ရက်ခန့် လအလိုက် မြူထူများဆိုင်းနိုင်ပါသည်။