DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်း (၅.၁၁.၂၀၁၆)

မုန်တိုင်းငယ်သတင်း

(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ မြန်မာစံတော်ချိန်(၂၂း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၂)

မုန်တိုင်းငယ်အ‌ခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၂၁း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်

ေြမာက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့ - အရှေ့မြောက်ဘက်သို့ ရွေ့လျား

ခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့၏

အရှေ့တောင်ဘက် မိုင်(၁၄၀)ခန့်၊ ကိုးလ်ကတ္တားမြို့၏ တောင်-အရှေ့တောင်ဘက် (၂၁၅)မိုင်ခန့်၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် (၁၈၅)မိုင်ခန့်နှင့် မြန်မာနိုင်ငံ၊

စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် (၂၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ

သည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ နောက်(၂၄)နာရီ

အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင် ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ

သဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ

ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ရာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသများသည်

မုန်တိုင်းငယ်၏ အန္တရာယ်စက်ဝန်းအတွင်း ကျရောက်နိုင်ပါသဖြင့် အထူးဂရုပြုသင့်ပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၂၁း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၉.ဝ)

ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၇)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါ

စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်ပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် (၆.၁၁.၂၀၁၆)ရက်နေ့မှ (၈.၁၁.၂၀၁၆)ရက်နေ့

အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာ

စိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်

ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်

အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ

လျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊

ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။