DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်း လာနိုင်ပြီး၊ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက် (၂၈.၁၁.၂၀၁၇)

အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်

(မြန်မာစံတော်ချိန် (၁၅း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်

အမှတ်စဉ်(၁၀/၂၀၁၆)

ယနေ့မြန်မာစံတော်ချိန်(၁၄း၃၀)နာရီအချိန်မိုးလေဝသတိုင်းထွာချက်များအရအနောက်ဘက်မှရွေ့လျား

လာသောလေအေးများနှင့်အရှေ့ဘက်မှရွေ့လျားလာသောလေနွေးများစုဆုံမှုကြောင့်ယနေ့မွန်းလွဲမှ

နောက်(၇၂)နာရီအတွင်းနေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊

ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်

ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာ

ကွက်ကျားမှနေရာကျဲကျဲမိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါသည်။