DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Deep Depression

အားကောင်းသောမုန်တိုင်းငယ်သတင်း

(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၁း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)၊၂၀၁၆

အားကောင်းသောမုန်တိုင်းငယ်အ‌ခြေအနေ

(က)ယနေ့မြန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး

အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိခဲ့ကာ အနောက် -အနောက်မြောက်ဘက်သို့

ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင်(၄၅၀)ခန့်၊ ပဒူချယ်ရီမြို့၏

အရှေ့တောင်ဘက် (၄၂၅)မိုင်ခန့်နှင့် သီရီလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့၏ အရှေ့ - အရှေ့တောင်ဘက်

မိုင်(၂၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည်

အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) အားကောင်းသောမုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်

အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအား နှင့် လေတိုက်နှုန်း

(က)ဆိုပါအားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၀း၃၀)နာရီအချိန်တွင်

မြောက်လတ္တီကျု (၇.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၅.၇)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)

ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်း ခန့်မှန်းချက်

(က) အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည် နောက်(၁၂)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး

ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကာ အနောက် - အနောက်မြောက်ဘက်သို့

ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။