DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၈-၀၃-၂၀၂၄):ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

Cyclone News

(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၀၀) နာရီအချိန်ထုတ်ပြန်ချက်)
 

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၆)၊၂၀၁၆

ဆိုင်ကလုန်းမုန်တိုင်းအ‌ခြေအနေ
-----------------------------------
ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အနောက်တောင်ပိုင်းနှင်‌့ ယင်းနှင်‌့ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်

ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း“နာဒါ”(Nada)သည် အနောက်-အနောက်မြောက်ဘက်သို့

ရွေ့လျားခဲ့ပြီး ဘင်္ဂလားအနောက်တောင်ပိုင်းသို့ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏

အရှေ့တောင်ဘက်(၂၂၅)မိုင်ခန့်၊ ပဒူချယ်ရီမြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၂၁၀)ခန့်နှင့်

သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့၏အရှေ့မြောက်ဘက် (၁၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို

ဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့

ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်

အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
--------------------------------------------------------------------------------

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၀၅း၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု

(၁၀.၃)ဒီဂရီနှင့်အရှေ့လောင်ဂျီကျု (၈၃.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)

ဟက်တိုပါစကယ်နှင့်အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်
----------------------------------------
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် (၂.၁၂.၂၀၁၆)ရက်နေ့ နံနက်ပိုင်းအချိန်တွင် အိန္ဒိယနိုင်ငံ၊

တမီနာဒူးကမ်းခြေမြောက်ပိုင်းရှိ ပဒူချယ်ရီမြို့နှင့် ဗီဒါရာနီယမ်မြို့အကြားမှ ဖြတ်ကျော်

ဝင်ရောက်နိုင်သည်ဟုခန့်မှန်းရပါသည်။