DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၁၀-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ် သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက်‌ ရေမိုင် ၄၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊  ၂၈-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း  ရောက်ရှိ နိုင်ကာ ယင်းနေ့ညပိုင်းတွင် အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်း‌‌ဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်

ဖြစ်ထွန်းခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့်သာယာခဲ့ပါသည်။ညအပူချိန်များမှာ

ကချင်ပြည်နယ်တွင်ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်အောက်(၃)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ပဲခူးတိုင်းေ

ဒသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)

၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်

တို့ထက်(၃)ဒီဂရီစင်တီဂရိတ်မှ(၄)ဒီဂရီစင်တီဂရိတ်ထိပိုခဲ့ကာ၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့

တွင်ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။

ထူးခြားသည့်ညအပူချိန်များမှာပူတာအိုမြို့တွင်(၂)ဒီဂရီစင်တီဂရိတ်၊ဟားခါးမြို့တွင်(၃)ဒီဂရီစင်တီဂရိတ်၊

မချမ်းဘောမြို့တွင်(၅)ဒီဂရီစင်တီဂရိတ်နှင့်မိုးညှင်းမြို့တွင်(၇)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်

တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းနေ

ပါသည်။

မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်

တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။

မြန်မာ့ပင်လယ်ပြင်။မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ

အေ့ရှဘက်မှလေပြင်းများတိုက်ခတ်ပြီးလှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။အရှေဘက်မှလေပြင်းများ

တိုက်ခတ်စဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်

တွင်လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေ

သကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်ညအပူချိန်များအနည်းငယ်

တိုးလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ တိမ်အသင့်အတင်‌့ ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။