DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၅-၅-၂၀၂၅:    ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၇ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ နံနက်(ရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်

တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊

ကရင်ပြည်နယ်နှင်‌့ မွန်ပြည်နယ် တို့တွင် တိမ်အသင်‌့အတင်‌့ ဖြစ်ထွန်းမည်။ စစ်ကိုင်းတိုင်းဒေသကြီး၊

ကချင်ပြည်နယ်နှင်‌့ ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲနှင်‌့

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချူန်းရွာမည်။

ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့်

မကွေးတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချူန်း

ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင်‌့အတင်‌့ ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချူန်း

ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။