DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၂၂-၅-၂၀၂၄ ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း ကမ်းလွန်-အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်း လာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ၂၄-၅-၂၀၂၄ ရက်နေ့၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၅-၅-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

အမြင့်ဆုံးအပူချိန်စံချိန်သစ်များ

၂၀၂၂ခုနှစ်၊ဇူလိုင်လ(၂၈)ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဇူလိုင်လ၏ အမြင့်ဆုံးအပူချိန်စံချိန်သစ်များ

အမြင့်ဆုံးအပူချိန်စံချိန်သစ်များ

စဉ်

စံချိန်သစ်

တင်သည့်ရက်စွဲ

စခန်းအမည်

အမြင့်ဆုံးအပူချိန်

စံချိန်သစ်

အမြင့်ဆုံးအပူချိန်  စံချိန်ဟောင်း

ယခင်စံချိန် ကျိုးခဲ့သည့်

နှစ်

စခန်းဖွင့်

သည့်နှစ်မှ စ၍

လွန်ခဲ့

သော

နှစ်ပေါင်း

ဒီဂရီ

စင်တီဂရိတ်

ဒီဂရီ

ဖာရင်ဟိုက်

ဒီဂရီ

စင်တီဂရိတ်

ဒီဂရီ

ဖာရင်ဟိုက်

၁။

၂၇.၇.၂၀၂၂

အောင်လံ

၃၈.၃

100.9

၃၆.၉

98.4

၈.၇.၂၀၂၀

၃၈

၂။

၂၇.၇.၂၀၂၂

ပြည်

၃၇.၀

၉၈.၆

၃၆.၇

၉၈.၁

၂၁.၇.၁၉၉၃

၅၇

၃။

၂၇.၇.၂၀၂၂

ပဲခူး

၃၅.၇

၉၆.၃

၃၅.၀

၉၅.၀

၂.၇.၂၀၀၀

၅၇

၄။

၂၇.၇.၂၀၂၂

ဘီးလင်း

၃၅.၅

၉၅.၉

၃၄.၇

၉၄.၅

၂၅.၇.၂၀၂၀

၅၇

၅။

၂၇.၇.၂၀၂၂

မော်လမြိုင်

35.2

၉၅.၄

34.8

၉၄.၆

26.7.2020

70

၆။

၂၇.၇.၂၀၂၂

မှော်ဘီ

35.0

၉၅.၀

34.7

၉၄.၅

25.7.2020

69

၇။

၂၇.၇.၂၀၂၂

ဖျာပုံ

34.8

၉၄.၆

34.7

၉၄.၅

25.7.2020

21