DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂-၄-၂၀၂၆ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

Late Monsoon Forecast

၂၀၁၇ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေဝသခန့်မှန်းချက်

 မိုးနှောင်းကာလသတ်မှတ်ခြင်း    
   ၂၀၁၇ ခုနှစ်၊ မိုးနှောင်းကာလသည် ခရစ်သက္ကရာဇ် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ

(၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ တော်သလင်းလဆန်း (၁၁)ရက်နေ့)မှစ၍

မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အနောက်တောင် မုတ်သုံလေ ဆုတ်ခွာသည့်နေ့အထိ ဖြစ်ပါသည်။

မုတ်သုံလေဆုတ်ခွာသည့် အခြေအနေ
    အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်မှ အောက်ပါအတိုင်း ဆုတ်ခွာသွားဖွယ်ရာ ရှိပါသည်။
(က)    စက်တင်ဘာလ (၁၅-၂၀) ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း၊
(ခ)    စက်တင်ဘာလ (၂၁-၂၆) ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း၊
(ဂ)    စက်တင်ဘာလ (၂၇)ရက်မှ အောက်တိုဘာလ (၂)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ လည်းကောင်း၊  
(ဃ)     အောက်တိုဘာလ(၃-၈)ရက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာသွားဖွယ်ရာ ရှိပါသည်။

  ဘင်္ဂလားပင်လယ်အော်အခြေအနေ
    ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင်

ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်

ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနိုင်ပါသည်။

မိုးအခြေအနေ
    ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်

နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊

ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်  ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။