DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၅-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက် အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။ 

Severe Cyclonic Storm

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့
မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၅)၊၂၀၁၈  

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က)    ယနေ့မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်

အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်

အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"

(PHETHAI)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)

၏ အရှေ့မြောက်ဘက် မိုင်(၁၇၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်

ဘက် (၈၅)မိုင်ခန့်၊ ကာကီနာဒါမြို့(Kakinada) ၏ တောင်ဘက်မိုင်(၁၁၀)ခန့်အကွာ ပင်လယ်

ပြင်ကို ဗဟိုပြုနေပါသည်။  

(ခ)    အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)၏ လက်ရှိအခြေအနေ မှာ

မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် ဟု သတ်

မှတ်ပါသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း"ဖီထိုင်း"(PHETHAI)၏ တည်နေရာ၊ ဗဟိုချက်လေဖိအား

နှင့် လေတိုက်နှုန်း

    အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)သည် မြန်မာ စံတော်ချိန်

(၁၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၅.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၂)ဒီဂရီတွင်ရှိပြီး၊

ဗဟိုချက်လေဖိအား (၉၉၃)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၆၅)

မိုင်နှုန်းဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

    အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း"ဖီထိုင်း"(PHETHAI)သည် မြောက် ဘက်သို့

ဆက်လက်ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု

ခန့်မှန်းရပါသည်။