DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၉-၄-၂၀၂၆: ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်ထူထပ်နေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

Severe Tropical Storm “BUALOI” News, No. 1, 2025

အားကောင်းသောအပူပိုင်းမုန်တိုင်းဘူအလွိုင်” အခြေအနေသတင်း အမှတ်စဉ်(၀၁/၂၀၂၅)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့  မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်”(BUALOI)သည် အနောက်- အနောက်မြောက် ဘက်သို့ရွေ့လျားနိုင်ပြီး ၂၇-၉-၂၀၂၅ ရက်နေ့တွင် တောင်တရုတ်ပင်လယ်ပြင် သို့ရောက်ရှိနိုင်ကာ တိုင်ဖွန်း မုန်တိုင်းအဖြစ်အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားကာ ၂၈-၉-၂၀၂၅ ရက်နေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေ ဒေသများကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။