အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်” အခြေအနေသတင်း အမှတ်စဉ်(၀၃/၂၀၂၅)
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင် အနောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်”(BUALOI) သည် အနောက်- အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး တောင်တရုတ်ပင်လယ်ပြင်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသော အပူပိုင်းမုန်တိုင်း“ဘူအလွိုင်” သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ကာ နောက် ၄၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေဒေသများကို အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်” အဖြစ်ဖြင့်လည်းကောင်း၊ နောက် ၇၂ နာရီအတွင်း လာအိုနိုင်ငံကို အပူပိုင်းမုန်တိုင်းငယ်အဖြစ်ဖြင့်လည်းကောင်း ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရပါသည်။”



