DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၁-၁-၂၀၂၆ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

Tropical Depression “FENGSHEN” News, No.8, 2025

အပူပိုင်းမုန်တိုင်းငယ် အခြေအနေသတင်း အမှတ်စဉ် (၀၈/၂၀၂၅)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့  မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်

၁။      ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဖန်ရှန်”(FENGSHEN)သည် အနောက်- အနောက်တောင် ဘက်သို့ ရွေ့လျားခဲ့ပြီး အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ကာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းခြေဒေသများကို ဒါနန်းမြို့အနီးမှ  ဖြတ်ကျော်ခဲ့ပြီး အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

၂။       ယခုသတင်းသည် အားကောင်းသောအပူပိုင်းမုန်တိုင်း“ဖန်ရှန်”(FENGSHEN)အတွက် ထုတ်ပြန် ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။