DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၇-၁၂-၂၀၂၅:ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

Tropical Storm “MATMO” News, No. 6, 2025

အပူပိုင်းမုန်တိုင်း“မတ်မို”အခြေအနေသတင်း အမှတ်စဉ် (၀/၂၀၂၅)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တိုင်းထွာချက်များအရ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးပြည်နယ်ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း“မတ်မို”(MATMO) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကွမ်ရှီးပြည်နယ်ကုန်းတွင်းပိုင်းနှင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနယ်စပ်ဒေသတို့ကို ရောက်ရှိခဲ့ပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “မတ်မို”သည် အနောက် ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသများကို ဆက်လက် ဖြတ်ကျော်နိုင်ကာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်အား လျော့သွားနိုင်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။