အပူပိုင်းမုန်တိုင်း “ဖန်ရှန်” အခြေအနေသတင်း အမှတ်စဉ် (၀၃/၂၀၂၅)
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
“ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) သည် အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပါသည်။ အဆိုပါအပူပိုင်းမုန်တိုင်း“ဖန်ရှန်”သည် အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး ပိုမိုအားကောင်းလာကာ နောက် ၆ နာရီအတွင်း အားကောင်းသောအပူပိုင်းမုန်တိုင်း “ဖန်ရှန်” အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။”



