တိုင်ဖွန်းမုန်တိုင်း “မတ်မို” အခြေအနေသတင်း အမှတ်စဉ် (၀၄/၂၀၂၅)
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) တိုင်ဖွန်းမုန်တိုင်း “မတ်မို” (METMO) အခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန်တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပါ်နေသော တိုင်ဖွန်းမုန်တိုင်း“မတ်မို”(MATMO)သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်ကို ကျန်ကျမ်းမြို့(Zhanjiang)နှင့် လိမ့်ကျိုးမြို့(Leizhou)တို့အကြားမှ ဖြတ်ကျော်လျက်ရှိ ပါသည်။
(ခ) တိုင်ဖွန်းမုန်တိုင်း “မတ်မို”၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ တိုင်ဖွန်းမုန်တိုင်း“မတ်မို”သည် မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၂၀.၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၁၀.၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၉၇၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၁၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ တိုင်ဖွန်းမုန်တိုင်း“မတ်မို”သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၁၈ နာရီအတွင်း အားကောင်းသောအပူပိုင်းမုန်တိုင်း“မတ်မို” အဖြစ်သို့ အားလျော့သွားနိုင်ကာ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးပြည်နယ်ကမ်းရိုးတန်း ဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။