DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၉-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

 

Typhoon “RAGASA” News, No. 4, 2025

တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” အခြေအနေသတင်း အမှတ်စဉ်(၀၄/၂၀၂၅)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့  မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(­­­က)    တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” (RAGASA) အခြေအနေ

ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”(RAGASA)သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ တရုတ်နိုင်ငံ၊ မကာအိုမြို့(Macao)အရှေ့ တောင်ဘက် ရေမိုင် ၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 (ခ)      တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ တိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၂၁.၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၁၄.၃ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား ၉၂၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၁၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။

(ဂ)     နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ တိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသများကို ဖြတ်ကျော်ဝင်ရောက် နိုင်ပါသည်။ ထိုမှတစ်ဆင့် နောက် ၄၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေ ဒေသများကို အပူပိုင်းမုန်တိုင်းအဖြစ်ဖြင့် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။