DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၀-၂-၂၀၂၆:ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

Untimely Rainfall Warning

အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်

(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

                                                      အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက်
                                                                                အမှတ်စဉ် (၁၀/၂၀၁၇)

(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီ အချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်

လယ်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း "တမ်ဘင်" (Tembin)သည် ဗီယက်နမ်ကမ်းခြေကို

(၂၆.၁၂.၂၀၁၇)ရက်နေ့တွင် ဖြတ်ကျော်ဝင်ရောက်ပြီး၊ လေပွေလှိုင်းများအဖြစ် အနောက် ဘက်သို့

ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါလေပွေလှိုင်းများ၏အရှိန်ကြောင့်(၂၆.၁၂.၂၀၁၇)

ရက်နေ့မှ (၂၈.၁၂.၂၀၁၇)ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့်

ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

(ခ) သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အချိန်အခါ မဟုတ်မိုးရွာခြင်း၊ မိုးထစ်ချုန်းခြင်းနှင့်အတူ

လေပြင်းတိုက်ခတ်ခြင်းများအား ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။