DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၂-၁-၂၀၂၆ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

Wind Wave News, No. 13, 2025

လေပွေလှိုင်းအခြေအနေသတင်း အမှတ်စဉ်(၁၃/၂၀၂၅)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့  မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(­­­က)    ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ ရှမ်း ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားလျော့သွားခဲ့ပါသည်။ လေပွေလှိုင်း၏ အကြွင်းအကျန်တိမ်တိုက်များသည် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် လေဖိအားနည်းမြှောင်တန်းအဖြစ် သွယ်တန်းလျက်ရှိပါသည်။

(ခ)   ယခုသတင်းသည် တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” (BUALOI)အတွက် ထုတ်ပြန်ပေး သည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။