DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၉-၂၀၂၅:  ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်း လာနိုင်ပြီး ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

ကုန်းတွင်းမုန်တိုင်းငယ်သတင်း

ကုန်းတွင်းမုန်တိုင်းငယ်သတင်း
(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ  ၁၃  ရက်နေ့
မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

                                    ကုန်းတွင်းမုန်တိုင်းငယ်သတင်း
အမှတ်စဉ်(၂၄)၊၂၀၁၈  

ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ

(က)    ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံကုန်းတွင်း၌

ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ်(Depression)သည် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊

လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီ ဖြစ်ပါသည်။