DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၀-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ

ဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ
(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့
        မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းသတင်း
အမှတ်စဉ်(၀၆)၊၂၀၁၈  

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က)    ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အလယ်ပိုင်းတွင်

ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက်မြောက်

ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း

"ဂါဂျာ"(Gaja) အဖြစ်သို့ အားကောင်းလာခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း"ဂါဂျာ"(Gaja)သည်

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့(Portblair)၏ အနောက် မြောက်ဘက် မိုင်(၂၃၀)ခန့်၊ ချင်းနိုင်မြို့(Chennai)

၏ အရှေ့ဘက် မိုင်(၅၃၀)ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် မိုင်(၂၄၀)ခန့်အကွာ

ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ)    ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့

လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ"(Gaja)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)သည်  မြန်မာစံတော်ချိန် (၁၀:၃၀) နာရီအချိန်တွင်

မြောက်လတ္တီကျု(၁၃.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၃)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား

(၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်း ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)သည် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊

နောက်(၂၄)နာရီအတွင်း အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း"ဂါဂျာ"(Gaja) အဖြစ်သို့ ရောက်ရှိနိုင်သည်

ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်        
(က)     အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၃၆)နာရီ

အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေ

သကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ

ကြီး၊ ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်

တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။    

(ခ)    မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်

လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်

တစ်နာရီလျှင် (၃၅)မိုင်မှမိုင်(၄၀)အထိ တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်

လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀) ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
     မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊

သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။