DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၅-၅-၂၀၂၄ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၄/၂၀၁၉)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၄/၂၀၁၉)

 (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ  ၈  ရက်)        

 (မြန်မာစံတော်ချိန်(၀၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

          (၁)      ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်း

သော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)

သည် မြောက်-အနောက်မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့

(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၂၄၀)မိုင်ခန့်၊

စာဂါကျွန်း(Sagar Islands) (အနောက်ဘင်္ဂလား ပြည်နယ်-West Bengal) ၏

တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)

၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၅၅)မိုင်ခန့်၊ မြန်မာ နိုင်ငံ၊ စစ်တွေမြို့

(Sittwe) အနောက်တောင်ဘက် ရေမိုင် (၃၆၅)မိုင်ခန့်နှင့် မောင်တော မြို့

(Maungdaw)၏ အနောက်တောင်ဘက် ရေမိုင် (၃၇၀) မိုင်ခန့်အကွာ ပင်လယ်

ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)

လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ

မရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

          (၁)       အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"

(BULBUL)သည် မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု

(၁၆.၄)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၇.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား

(၉၉၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၆၅)မိုင်

နှုန်းဖြစ်ပါသည်။ မုန်တိုင်း၏ လက်ရှိ ရွေ့လျားနှုန်းမှာ တစ်နာရီလျှင် (၆)မိုင်နှုန်း

ဖြစ်ပါသည်။

(ဂ) နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်

          (၁)      အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"

(BULBUL)သည် ပိုမိုအား ကောင်းလာနိုင်ပြီး၊ ကနဉီးတွင် မြောက်-အနောက်

မြောက်ဘက်သို့ ရွေ့လျားပြီးနောက် မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ၊

နောက် (၇၂)နာရီအတွင်း အနောက်ဘင်္ဂလား ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ

ကမ်းခြေကို စာဂါကျွန်း(Sagar Islands)နှင့် ခီပူပါရာမြို့ (Khepupara)ကြားမှ

ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) အသိပေးနှိုးဆော်ချက်

   (၁)       အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်" (BULBUL)

၏ အရှိန် ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး

အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်

တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး

အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား

ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာ

ပြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ပါသည်။

 (၂)      မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်

ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်း

အလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်

(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးမည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်

လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း

တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

       အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဘာဘ်ဘယ်"(BULBUL)

အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်

နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊သင်္ဘောများ

အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။