DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၇-၂-၂၀၂၆:ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာ အနီး အရှေ့အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ၁၈-၂-၂၀၂၆ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယ သမုဒ္ဒရာတို့တွင် ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများ အားဖြင့် သာယာနေပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ကြီးများအတွက် မိုးလေဝသခန့်မှန်းချက် ၁၇-၂-၂၀၂၆

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ကြီးများအတွက် မိုးလေဝသခန့်မှန်းချက် ၁၇-၂-၂၀၂၆   

စဉ်

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့

ကြီးများ

မနက်ဖြန်အတွက် ခန့်မှန်းချက်

မိုးရွာသွန်းမှု

အခြေအနေ

အမြင့်ဆုံးအပူချိန်     ဒီဂရီဆဲလ်စီးယပ်/ ဒီဂရီဖာရင်ဟိုက်

အနိမ့်ဆုံးအပူချိန်    ဒီဂရီဆဲလ်စီးယပ်/   ဒီဂရီဖာရင်ဟိုက်

၁။

နေပြည်တော်

အများအားဖြင့် သာယာမည်။

၃၅/၉၅

၁၃/၅၅

၂။

ရန်ကုန်

(ကမ္ဘာအေး)

တိမ်အနည်းငယ် ဖြစ်ထွန်းမည်။

၃၆/၉၇

၁၇/၆၃

၃။

မန္တလေး

အများအားဖြင့် သာယာမည်။

၃၅/၉၅

၁၄/၅၇

၄။

ပဲခူး

တိမ်အနည်းငယ် ဖြစ်ထွန်းမည်။

၃၈/၁၀၀

၁၈/၆၄

မကွေး

အများအားဖြင့် သာယာမည်။

၃၅/၉၅

၁၃/၅၅

ဟုမ္မလင်း

တိမ်အနည်းငယ် ဖြစ်ထွန်းမည်။

၃၃/၉၁

၁၃/၅၅

မုံရွာ

အများအားဖြင့် သာယာမည်။

၃၅/၉၅

၁၈/၆၄

ပုသိမ်

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၃၅/၉၅

၁၉/၆၆

ထားဝယ်

တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။

၃၇/၉၉

၂၂/၇၂

မြစ်ကြီးနား

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၃၂/၉၀

၁၃/၅၅

၁၀

လွိုင်ကော်

တိမ်အနည်းငယ် ဖြစ်ထွန်းမည်။

၃၂/၉၀

၀၈/၄၆

၁၁

ဘားအံ

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၃၈/၁၀၀

၂၀/၆၈

ဟားခါး

အများအားဖြင့် သာယာမည်။

၂၁/၇၀

၀၃/၃၇

မော်လမြိုင်

တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

၃၈/၁၀၀

၂၃/၇၃

စစ်တွေ

အများအားဖြင့် သာယာမည်။

၃၀/၈၆

၁၆/၆၁

၁၅။

လားရှိုး

အများအားဖြင့် သာယာမည်။

၃၁/၈၈

၀၆/၄၃

တောင်ကြီး

အများအားဖြင့် သာယာမည်။

၂၈/၈၂

၁၁/၅၂

ကျိုင်းတုံ

အများအားဖြင့် သာယာမည်။

၃၂/၉၀

၁၀/၅၀