DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၃-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ် ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ထူးခြားမြစ်ရေအခြေအနေသတင်း

ထူးခြားမြစ်ရေအခြေအနေသတင်း

(၂၀၂၂ခုနှစ်၊ မေလ (၁၅) ရက်၊  (၁၀:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

        ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၂၀၂၂ ခုနှစ်၊ မေလ (၁၅)ရက်နေ့ (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့တွင် (၇၆၂)စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ()ရက်အတွင်း (၁၁)ပေခွဲခန့် မြင့်တက်ခဲ့ပါသည်။

        ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေများသည် နောက်(၁) ရက်မှ (၈)ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၉)ပေမှ (၁၀)ပေခန့်၊ နောက်(၈)ရက်မှ (၁၃)ရက် အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၄)ပေခွဲမှ (၈)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

        သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါကြောင်းနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေတိုး လာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။