DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)သို့ စစ်ဆေး

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)သို့ စစ်ဆေး

 

 ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၊ နေ့လယ် (၀၂:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၅)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန (Multi Hazard Early Warning Centre) အဆောက်အဦရှိ မိုးလေဝသဌာနခွဲ၊ ခန့်မှန်းရေးဌာနစုနှင့် စတူဒီယိုဌာနစုတို့သို့ ရောက်ရှိ၍ မိုးလေဝသ သတင်းထုတ်ပြန်မှုအခြေအနေများနှင့် သတင်းရိုက်ကူးရေးဆောင်ရွက်နေမှုအခြေအနေများကို  လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဒုတိယဝန်ကြီးက မိုးလေဝသဌာနခွဲ၊ ခန့်မှန်းရေးဌာနစုတွင် မိုးလေဝသ သတင်းထုတ်ပြန်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစဉ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကျော်မိုးဦးက မိုးလေဝသသတင်းများ ထုတ်ပြန်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက ခန့်မှန်းချက်များ တိကျမှန်ကန်စွာ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး၊ တိုင်းထွာချက်မှတ်တမ်းများကို စနစ်တကျထားရှိရေး၊ အသုံးပြုနေသည့် စက်ကိရိယာများ၏ စွမ်းဆောင်နိုင်မှု စွမ်းအားပြည့်ရရှိရေးအတွက် သတ်မှတ်ထားသည့်လုပ်ငန်းများကို မပျက်မကွက် ပုံမှန်စစ်ဆေးဆောင်ရွက်သွားရေး၊ စက်ပစ္စည်းများ ချို့ယွင်းမှုရှိပါက အချိန်နှင့်တစ်ပြေးညီ ပြုပြင်နိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ လိုက်နာနေထိုင်ရေးတို့ကို လမ်းညွှန်ခဲ့ပါသည်။

ဆက်လက်၍ စတူဒီယိုဌာနစုသို့ သွားရောက်၍ မိုးလေဝသ သတင်းရိုက်ကူးရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ မိုးလေဝသ သတင်း စီစဉ်တင်ဆက်သူများအား လိုအပ်သည်များကို မှာကြားခဲ့ပါသည်။