DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၄-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်း

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၄၇/၂၀၁၉)
      (၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

မုန်တိုင်းငယ်အခြေအနေ

  (က)    ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်

ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့ပေါ်တွင် ရောက်ရှိနေေ

သာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အရှေ့မြောက် ဘက်သို့ရွေ့လျား

ခဲ့ပြီး၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊  ဒါကာမြို့

(Dhaka)၏ မြောက်-အနောက်မြောက်ဘက် (၆၅)မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေပါသည်။

အဆိုပါ မုန်တိုင်းငယ်(Depression)သည် အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါ

သည်။
နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
(က)    မုန်တိုင်းငယ်(Depression)သည် နောက်(၁၂)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း

(Low Pressure Area) အဖြစ်သို့ အားလျော့နိုင်ပြီး၊ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား

မည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်        

(က)     အဆိုပါ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် (၄.၅.၂၀၁၉) ရက်နေ့မှ (၅.၅.၂၀၁၉)

ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်

ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်၊

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်

နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေ

သကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(ခ)    မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ

မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်‌လေသည်

တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်း ပေါ်၊ ရခိုင်ကမ်းရိုးတန်း

တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
(က)     အဆိုပါ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊

သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။