DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၃-၇-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။

 

မုန်တိုင်းငယ်(Depression)သတင်းအမှတ်စဉ်(၁၆/၂၀၂၁)

မုန်တိုင်းငယ်(Depression)သတင်းအမှတ်စဉ်(၁၆/၂၀၂၁)

 (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ(၅)ရက်နေ့ မြန်မာစံတော်ချိန်(၂၂:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

                                                                        

 (က)   မုန်တိုင်းငယ်(Depression)အခြေအနေ          

(၁)     ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေအနီး)တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၅၁၅)မိုင်ခန့်၊ ပုသိမ်မြို့(Pathein)မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၄၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၂၀)မိုင်ခန့်၊ ပူရီ(Puri)မြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင်(၆၀)မိုင်ခန့်နှင့် ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 

(၂)      မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

(ခ)     မုန်တိုင်းငယ်(Depression)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်(Depression)သည်မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၂၀.၁)ဒီဂရီနှင့်အရှေ့လောင်ဂျီကျု (၈၆.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်(၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

   (ဂ)     နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

 

အဆိုပါ မုန်တိုင်းငယ်(Depression)သည်အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး၊ (၆.၁၂.၂၀၂၁)ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့ကာ၊ အိန္ဒိယနိုင်ငံ၊အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေသို့ရောက်ရှိမည်ဟုခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက် 

အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် နောက်(၇၂)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာပြီး မြစ်ဝကျွန်းပေါ်၊  ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊  ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇) ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

(င)     အကြံပြုချက်

သို့ဖြစ်ပါ၍ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။