DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မြစ်ရေကြီးခြင်းသတိပေးချက်

မြစ်ရေကြီးခြင်းသတိပေးချက်

(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၁)ရက်၊ (၁၃:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

              ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၂)ပေခွဲခန့်နှင့် ဟုမ္မလင်းမြို့တွင် (၁)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေများသည် နောက်(၂)ရက်အတွင်း ယင်းမြို့များ၏  စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ပါသည်။

          သို့ဖြစ်ပါ၍ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Flood Warning graph for Hkamti

Flood Warning graph for Homalin