DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၀-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မြစ်ရေကြီးခြင်းသတိပေးချက်

မြစ်ရေကြီးခြင်းသတိပေးချက်

(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၆)ရက်၊ (၀၉:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

 

   ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့နှင့် ညောင်ဦးမြို့တို့တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် အသီးသီး ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေများသည် သပိတ်ကျင်းမြို့တွင် နောက်(၁)ရက်အတွင်းနှင့် ညောင်ဦးမြို့တွင် နောက်(၂)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ပါသည်။

   ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ပေဝက်ခန့်နှင့် မုံရွာမြို့တွင် (၁)ပေခွဲခန့်ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအောက်တွင် ရောက်ရှိ နေပါသည်။ အဆိုပါမြစ်ရေများသည် မော်လိုက်မြို့တွင် နောက်(၁)ရက်အတွင်းနှင့် မုံရွာမြို့တွင် နောက်(၂) ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ပါသည်။

    သို့ဖြစ်ပါ၍ သပိတ်ကျင်းမြို့နယ်၊ ညောင်ဦးမြို့နယ်၊ မော်လိုက်မြို့နယ်နှင့် မုံရွာမြို့နယ်များ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။