DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မြစ်ရေကြီးခြင်းသတိပေးချက်

မြစ်ရေကြီးခြင်းသတိပေးချက်

(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၆)ရက်၊ (၁၂:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

 

    ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့နှင့် မြင်းမူမြို့တို့တွင် (၁) ပေခန့်နှင့် စစ်ကိုင်းမြို့တွင်  ပေဝက်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အောက်တွင်  ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေများသည် မန္တလေးမြို့နှင့် မြင်းမူမြို့တို့တွင် နောက်(၃)ရက် အတွင်းနှင့် စစ်ကိုင်းမြို့တွင် နောက်(၂)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင် ပါသည်။

  ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

   သို့ဖြစ်ပါ၍ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့နှင့် မြစ်ငယ်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။