DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၉-၄-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မြစ်ရေကြီးမှုအခြေအနေသတင်း

မြစ်ရေကြီးမှုအခြေအနေသတင်း

 (၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်၊ (၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

     ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်း မြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။

အကြံပြုချက်

     သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။