DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၄-၅-၂၀၂၆  ယနေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မြေငလျင်သတင်း

မြေငလျင်သတင်း

 

၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၁၀)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၈၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အနောက်ဘက် (၁၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၂) ဒီဂရီ၊ အနက် (၅၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။