DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၆-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ(ဩရိဿပြည်နယ်နှင့် အနောက် ဘင်္ဂလားပြည်နယ်)ကမ်းရိုးတန်းတို့၌‌ ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်း ရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေ ပါသည်။

 

မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၁း၅၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၃၂) မိနစ်၊ (၅၈) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(လယ်ဝေးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၁) ဒီဂရီ၊ အနက် (၂၄) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား  ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။