၂၀၂၆ ခုနှစ်၊ မေလ လပတ် မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၄-၂၀၂၆ ရက်နေ့ ထုတ်ပြန်သည်)
၂၀၂၆ ခုနှစ်၊ မေလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၇ ပေမှ ၁၂ ပေခန့်နှင့် ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၄ ပေမှ ၇ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင် ပါသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၅ ပေမှ ၁၀ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၇ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၁ ပေခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၄ ပေမှ ၅ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့ တို့တွင်၂ ပေ မှ ၃ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၂ ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူ မြို့နှင့် ပဲခူးမြို့တို့တွင် ၂ ပေမှ ၅ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၃ ပေခန့်၊ သောင်ရင်း မြစ်ရေသည် မြဝတီမြို့တွင် ၃ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၅ ပေခန့်၊ သာပေါင်း မြို့နှင့် ပုသိမ်မြို့တို့တွင် ၂ ပေခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၃ ပေခန့်နှင့် ဘီးလင်းမြစ်ရေ သည် ဘီးလင်းမြို့တွင် ၃ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

