DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၄-၇-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

 

လေဖိအားနည်းရပ်ဝန်းအခြေအနေ

လေဖိအားနည်းရပ်ဝန်းအခြေအနေ

(၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်

ထုတ်ပြန်ချက်)

"ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာ တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း၊ သီရိလင်္ကာကမ်းလွန်တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် နောက်(၂၄)နာရီအတွင်း အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး-ပူဒူချယ်ရီကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။"