DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၉-၅-၂၀၂၄ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၇/၂၀၂၀)

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၇/၂၀၂၀)

 (၂၀၂၀ ပြည့်နှစ်၊ မေ  ၁၇  ရက်)        

 (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အခြေအနေ

၁။       (က)    ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်

တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့်

ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်

ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)

အမ်ဖန် (AMPHAN)သည် သိသိသာသာရွေ့လျားခြင်းမရှိပဲ၊ အားကောင်း

သော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အမ်ဖန် (AMPHAN

)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း

(Severe Cyclonic Storm) အမ်ဖန် (AMPHAN)သည်  အိန္ဒိယနိုင်ငံ၊ ပါရာ

ဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အနောက်တောင်ဘက်

ရေမိုင် (၅၃၀)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက်တောင်ဘက်

ရေမိုင် (၆၁၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာ မြို့ (Khepupara)

၏ အနောက်တောင်ဘက် ရေမိုင် (၆၇၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း

မြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင် (၄၆၀)မိုင်ခန့်နှင့်

ပုသိမ်မြို့ (Pathein)၏ အနောက်တောင်ဘက် ရေမိုင် (၆၀၅)မိုင်ခန့်အ

ကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။

 (ခ)       အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)

အမ်ဖန် (AMPHAN) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့

လျားမည့် အခြေအနေမရှိ သေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

 

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အမ်ဖန်

(AMPHAN)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

၂။       အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)

အမ်ဖန် (AMPHAN) သည် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီ

ကျု (၁၁.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား

(၉၉၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၇၀)နှုန်

း ဖြစ်ပါသည်။

 

နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

၃။      အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)

အမ်ဖန် (AMPHAN) သည် နောက်(၁၂)နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်က

လုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN) အဖြစ်သို့ ရောက်

ရှိနိုင်ပြီး၊ မြောက်-အရှေ့ မြောက်ဘက်သို့ ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

 

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်  

 ၄။     အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)

အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် (၁၇.၅.၂၀၂၀)မှ (၂၁.၅.၂၀၂၀)ရက်နေ့အတွင်း

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း

ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်

နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း

ရွာနိုင်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်  

၅။      မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်

တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း

ကျဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်

ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိနိုင်ပါ သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း

တစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျ

ရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျဉ် ရေပြင်/

မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ

မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်

(၇)ပေမှ (၉)ပေခန့်ရှိနိင်ပါသည်။

 

အသိပေးနှိုးဆော်ချက်  

 ၆။     အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)

အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ

ကျရောက်ပြီး၊ လှိုင်းကြီးမည့် အခြေအနေ များကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်

နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး သွားလာ နေကြသော ငါးဖမ်းရေ

ယာဉ်များ၊‌ သင်္ဘောများအနေဖြင့် လည်းကောင်း၊ ဆိုးရွားသည့် မိုးလေဝသ အခြေ

အနေများကို ပြည်တွင်းလေကြောင်းပျံသန်းရေးအနေဖြင့် လည်းကောင်း 

ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။