အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၁၁/၂၀၂၂)
(၂၀၂၂ခုနှစ်၊ မတ်လ(၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်-အနောက်တောင် ဘက် ရေမိုင် (၆၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun)မြို့၏ အနောက်- အနောက်တောင်ဘက် ရေမိုင်(၇၅၀)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ (Trincomale)မြို့၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင်(၁၇၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ် (Nagapattinam)မြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် (၁၆၀)မိုင်ခန့်၊ ပူဒူချယ်ရီ(Puducherry)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၁၆၀)မိုင်ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ အရှေ့တောင်ဘက် ရေမိုင် (၁၇၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏တည်နေရာ၊ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၁.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၅) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည်ကနဦးတွင် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီးနောက်၊ နောက်(၄၈)နာရီအတွင်းအနောက်-အနောက်တောင်ဘက်သို့ ပြန်ကွေ့ကာ၊ အိန္ဒိယနိုင်ငံ၊တမီးလ်နာဒူး(Tamil Nadu)မြောက်ပိုင်းကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်သည်ဟုခန့်မှန်းရပါသည်။